ကျွန်ုပ်တို့ ၏ လုပ်ဆောင်ချက်
ပြည်ပမှ တိုက်ရိုက်တင်သွင်းလာတဲ့ ဆောက်လုပ်ရေးပစ္စည်းများကို Customer များရဲ့ လိုအပ်ချက်အတိုင်း နိုင်ငံအနှံ့အပြားသို့ အနွေးထွေးဆုံးဝန်ဆောင်မှုများနဲ့ ပို့ဆောင်ရောင်းချပေးလျက်ရှိပါတယ်။

ကုန်ပစ္စည်းများ
Customer များအဆင်ပြေစေဖို့အတွက်လည်း သတ်မှတ်ထားတဲ့နေရာတွေမှာ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
မြတ်သစ္စာမှ အထပ်သား၊ ဖော်မီကာ၊ ဘလော့ဘုတ်၊ ဖလင်ဘုတ်၊ ချိန်းလင့်နဲ့ သံဇကာများ၊ စတီးနဲ့ ကြွေဘေစင်များ၊ ဗမာထိုင် လိပ်ပြာအိုး ကြက်တူရွေးအိုးများနဲ့ ဘိုထိုင်များ၊ ဘီတင်များ၊ ပြတင်းပေါက်၊ တံခါးပေါက်များနဲ့ ဖင်းဂါးဂျိုင့်များကို လက်လီလက်ကား ရောင်းချပေးလျက်ရှိပါတယ်။ မြတ်သစ္စာမှ ရောင်းချနေတဲ့ အိမ်ဆောက်ပစ္စည်းအားလုံးဟာ အဆင့်မြင့်နည်းပညာနဲ့ အရည်အသွေးမြင့် ကုန်ကြမ်းကိုသုံးပြီးထုတ်လုပ်ထားတဲ့ ပြည်ပတိုက်ရိုက်သွင်း အိမ်ဆောက်ပစ္စည်းတွေဖြစ်ပါတယ်။ ဒါကြောင့် မြတ်သစ္စာရဲ့ အိမ်ဆောက်ပစ္စည်းတွေဟာ လုပ်ငန်းခွင်၊ နေအိမ်၊ အလုပ်ရုံ၊ စက်ရုံ နေရာမရွေးပဲ အကောင်းဆုံးအသုံးချနိုင်လိမ့်မယ်ဆိုတာ ရာနှုန်းပြည့် အာမခံပါရစေ။
-
အထပ်သား အမဲပြား
အထပ်သား အမဲပြားတွေဟာ ဖလင်Coating ပါဝင်လို့ ရေစိုခံပြီး နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းထားတဲ့ အရည်အသွေးမြင့် အထပ်သားပြားတွေပဲ ဖြစ်ပါတယ်။ အထူ ၈.၅ မီလီမီတာရှိပြီး အရှည် ၈ပေ၊ အကျယ်၄ပေ ရှိပါတယ်။ ပရိဘောဂ ပြုလုပ်ရာမှာ၊ အိမ်နံရံ၊ အခန်းနံရံများကာရံရာမှာ၊ ကြမ်းအဖြစ်ခင်းရာမှာ အထူးအသုံးဝင်တဲ့ အရည်အသွေးမြင့် အထပ်သားပဲ ဖြစ်ပါတယ်။ အကောင်းဆုံး ကုန်ကြမ်းတွေကို အသုံးပြုပြီး အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အထပ်သားအမဲပြားတွေကို မိချောင်း၊ ပန်ဒါ တံဆိပ်နှစ်မျိုးနဲ့ ရောင်းချပေးလျက်ရှိပါတယ်။
-
ဖော်မီကာ
ဒီဇိုင်း၊ အဆင်ဆန်းပြားလှပပြီး အရည်အသွေးကောင်းတဲ့ တစ်ဖက်လှ၊ နှစ်ဖက်လှ ဖော်မီကာပြားများကို မြတ်သစ္စာမှာ ဝယ်ယူရရှိနိုင်ပါပြီ။ အိမ်အတွင်း၊ ဆိုင်အတွင်းအလှဆင်ဖို့ သုံးနိုင်တဲ့အပြင် ပရိဘောဂလုပ်ငန်းများမှာပါ အသုံးဝင်တဲ့ ဖော်မီကာအလိပ်များကိုပါ လက်လီ၊ လက္ကားရောင်းချပေးလျက်ရှိပါတယ်။
-
ဘလော့ဘုတ်
နှစ်ရှည်ကြာ ပေါင်းခံထားတဲ့ သစ်သားတုံးတွေဆက်၊ အထပ်သားနှစ်လွှာကြားမှာ အရည်အသွေးမြင့်ကော်နဲ့ ကပ်၊ ခေတ်မီနည်းပညာနဲ့ အပူပေး၊ ဖိအားတွေပေးထားတဲ့ သစ်သားပြားကို ဘလော့ဘုတ်လို့ ခေါ်ပါတယ်။ ဘလော့ဘုတ်တွေရဲ့ ထူးခြားချက်ဟာ အလွန်ခိုင်မာပြီး၊ ကွေးညွတ်သွားမှု လုံးဝမရှိခြင်းပဲ ဖြစ်ပါတယ်။ရေစိုခံပြီး ကျုံ့ခြင်း၊ ပွခြင်းလည်း လုံးဝမရှိပါဘူး။ သစ်သားပြားထက် အဆများစွာ စျေးသက်သာသလို၊ ခိုင်ခံ့မှု၊ အကြမ်းခံမှု၊ ရေစိုခံမှုတွေကြောင့်လည်း နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းခံနေရတာ ဘလော့ဘုတ်တွေပါ။ ကုန်ကျစရိတ်လည်းသက်သာ၊ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ပေးတဲ့ ဘလော့ဘုတ်တွေကို ကုတင်၊ စားပွဲ၊ ဘီဒို၊ ကုလားထိုင်စာအုပ်စင်၊ တံခါး၊ နံရံကပ် ကတ်ဘိနက်များ ပြုလုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။ မော်ဒန်ပရိဘောဂတွေ ပြုလုပ်ရာမှာ အထူးအရေးပါတဲ့ ဒီဘလော့ဘုတ်တွေကို သင့်အိမ်အတွက်၊ သင့်ရုံးခန်းအတွက်၊ သင့်ဆိုင်ခန်းအတွက်၊ သင့်ပရိဘောဂလုပ်ငန်းမှာ အသုံးပြုဖို့အတွက် မြတ်သစ္စာမှ လက်လီ၊ လက္ကား ရောင်းချပေးလျက်ရှိပါတယ်။
-
ပြတင်းပေါက်နှင့် တံခါးအမျိုးမျိုး
ရေစိုခံပြီး သပ်ရပ်၊ လှပ၊ ခိုင်ခံ့တဲ့ PVC ပြတင်းပေါက်နဲ့ တံခါးပေါက်ဒီဇိုင်းမျိုးစုံ၊ ခိုင်ခံ့ပြီး တံခါး ပြတင်းပေါက်များအတွက် အထူးသင့်လျော်တဲ့ UPVC တံခါး၊ ပြတင်းပေါက်များကို လျှောတံခါး၊ အတွင်းဖွင့်၊ အပြင်ဖွင့် ပုံစံအမျိုးမျိုးတို့ကို မြတ်သစ္စာမှာ လက်လီ၊ လက္ကား ဝယ်ယူရရှိနိုင်ပါပြီ။
-
ဘေစင်များ
ရေချိုးခန်းမှာ၊ Toilet မှာ၊ ဆိုင်မှာ နေရာမရွေး အသုံးပြုရအဆင်ပြေစေမယ့် အရည်အသွေးမြင့် စတီးနှင့် ကြွေဘေစင်များကို လက်လီ၊ လက်ကားဝယ်ယူနိုင်ပါပြီ။
-
ချိန်းလိပ်နှင့် သံဇကာများ
အရည်အသွေးကောင်းတဲ့ သံသတ္တုတွေနဲ့ ပြုလုပ်ထားပြီး ရာသီဥတုနဲ့ အချိန်ကာလဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ချိန်းလင့်နဲ့ သံဇကာတွေကို မြတ်သစ္စာမှာ ဝယ်ယူရရှိနိုင်ပါပြီ။ နေအိမ်၊ ခြံဝန်း၊ စက်ရုံ၊ အလုပ်ရုံတွေမှာ လုံခြုံမှုရှိပြီး၊ လွယ်လွယ်နဲ့ မပျက်စီးနိုင်တာကြောင့် အကုန်ကျသက်သာပြီး စိတ်ချလုံခြုံမှုကို ခံစားရစေမှာပါ။
-
ဖင်းဂါးဂျိုင့်
ကျွန်း၊ စိုက်ကျွန်း၊ ရာဘာသစ်တုံးများကို ကော်နဲ့ အပြားလိုက်ကပ်ထားသော ဖင်းဂါးဂျိုင့်များကို မြတ်သစ္စာမှာ ဝယ်ယူရရှိနိုင်ပါပြီ။ ဖင်းဂါးဂျိုင့်များကို ကြမ်းခင်းများ၊ လှေကားအခင်းများ၊ ပရိဘောဂများပြုလုပ်ရာတွင်း ကျွန်းသစ်အစားထိုးအဖြစ်အသုံးပြုကြပြီး သဘာဝပတ်ဝန်းကျင်နှင့် အကုန်အကျသက်သာမှုအတွက် အထူးအသုံးပြုသင့်သော အိမ်ဆောက်ပစ္စည်းများဖြစ်ကြသည်။