
မြတ်သစ္စာ
“မြတ်သစ္စာ”ဆိုတာ လက်ရှိဆောက်လုပ်ရေး ပစ္စည်းဈေးကွက်မှာ ဦးဆောင်နေပြီး ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့၊ ဆယ်စုနှစ်တစ်ခုတိုင်တိုင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ အထပ်သားနဲ့ အိမ်ဆောက်ပစ္စည်း ဖြန့်ချိရေးပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ကိုယ်စားလှယ်ယူရောင်းချသူများ၊ ကိုယ်တိုင်အသုံးပြုသူများ၊ ပရိဘောဂလုပ်ငန်းများ၊ ကန်ထရိုက်လုပ်ငန်းများစတဲ့ Customer ပေါင်းများစွာနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပြီး ပြည်ပမှ ကုန်ကြမ်း၊ ကုန်ချောများကို တိုက်ရိုက်တင်သွင်း၊ ပြည်တွင်းမှ ဆောက်လုပ်ရေးပစ္စည်းလိုအပ်ချက်များကို နိုင်ငံနဲ့ အဝှမ်း ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။
မြတ်သစ္စာအိမ်ဆောက်ပစ္စည်းဖြန့်ချိရေးဟာ Customer တွေရဲ့ လိုအပ်ချက်တိုင်းကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့၊ အကောင်းဆုံးအရည်အသွေးနဲ့ အိမ်ဆောက်ပစ္စည်းတွေကို နိုင်ငံအနှံ့ ကျယ်ပြန့်စွာဖြန့်ချိပေးနိုင်ပြီး ဆောက်လုပ်ရေးစျေးကွက်မှာ ထိပ်ဆုံးကရပ်တည်နိုင်ဖို့စတဲ့ ရည်မှန်းချက်တွေ ပြည့်ဖို့အတွက် အမြဲကြိုးစားလျက်ရှိပါတယ်။ ယခုဆိုရင် မြင့်မားလာတဲ့ ပြည်တွင်းလိုအပ်ချက်အရ အရည်အသွေးမြင့် အိမ်ဆောက်ပစ္စည်များကိုနိုင်ငံအနှံ့ ဖြန့်ချိပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားလျက်ရှိသလို မြတ်သစ္စာရဲ့ မိတ်ဟောင်းမိတ်သစ်များ အားလုံးကိုလည်း အနွေးထွေးဆုံး ဝန်ဆောင်မှုတွေနဲ့ အမြဲကြိုဆိုလျက်ရှိပါတယ်။
ဆောက်လုပ်ရေးပစ္စည်းတွေကို အရည်အသွေးအပြည့်၊ ဝန်ဆောင်မှုအပြည့်၊ အချိုသာဆုံးစျေးနှုန်းတွေနဲ့ ရောင်းချပေးနိုင်ဖို့ အမြဲကြိုးစားနေသလို Customer တိုင်းရဲ့ Feedback တိုင်း၊ အသိအမှတ်ပြုမှုတိုင်းကို အလေးအနက်ထားပြီး အမြဲစောင့်မျှော်နေပါတယ်။
မြတ်သစ္စာရဲ့ တာဝန်များ
- ပြည်တွင်း အိမ်ဆောက်ပစ္စည်းစျေးကွက်လိုအပ်ချက်များကို အမြဲဖြည့်ဆီးပေးနိုင်ရန်
- အရည်အသွေးနဲ့ ခိုင်ခံ့မှုကို အမြဲတိုးတက်နေအောင် ကြိုးစားရန်
- Customer တိုင်းရဲ့ လိုအပ်ချက်တိုင်းကို အပြည့်အဝဖြည့်ဆီးပေးနိုင်ရန်
- အခြား ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီများထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်
- ပြည်တွင်းစျေးကွက်မှာသာမကပဲ နိုင်ငံတကာ ဆောက်လုပ်ရေးပစ္စည်းအဖွဲ့အစည်းများနဲ့ပါ ပူးပေါင်းပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ရန်
မြတ်သစ္စာရဲ့ အနာဂါတ်
- မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆောက်လုပ်ရေးပစ္စည်းဖြန့်ချိရေး ကုမ္ပဏီတစ်ခုအဖြစ် ထိပ်ဆုံးမှာ အမြဲရပ်တည်နေနိုင်ရန်
- မြန်မာနိုင်ငံရဲ့ တောက်ပတဲ့ အနာဂါတ်ကို အရည်အသွေးမြင့်ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အတူတည်ဆောက်သွားနိုင်ရန်
မြတ်သစ္စာရဲ့ စီးပွားရေးလမ်းစဉ်
- Customer တွေစိတ်တိုင်းကျစေရန်
- ဝန်ထမ်းတိုင်းပျော်ရွှင်စေရန်
- ရှယ်ယာဝင်တိုင်း စိတ်ကျေနပ်မှုရရှိစေရန်
- ကုန်ကြမ်းတင်သွင်းပေးသူတိုင်း အဆင်ပြေမှုရှိစေရန်
- သဘာဝပတ်ဝန်းကျင်ကို လုံးဝထိခိုက်မှုမရှိတဲ့ လုပ်ငန်းခွင်တစ်ခုအမြဲဖြစ်နေစေရန်
မြတ်သစ္စာတစ်ဖွဲ့သားလုံးရဲ့ ရည်ရွယ်ချက်
- Customer တိုင်းရဲ့ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆီးပေးဖို့၊ အနွေးထွေးဆုံး ဝန်ဆောင်မှုများပေးဖို့၊ အရည်အချင်းပြည့်ဝတဲ့ မြတ်သစ္စာ အဖွဲ့သားအားလုံးနဲ့အတူ ကမ္ဘာ့စျေးကွက်အထိ ထိုးဖောက်နိုင်ဖို့